Showing posts with label iOSapplication. Show all posts
Showing posts with label iOSapplication. Show all posts

ကျွန်တော် ဒီနေ့ညပဲ ကျွန်တော့် သူငယ်ချင်းရဲ့ i Pad Mini ကို Firmware Update လုပ်ပြီးတော့ မြန်မာဖောင့်ထည့်ဖို့အတွက် Jailbreak လုပ်တယ်.. နောက်ပြီးတော့ Source သွင်းပြီးတော့ Zawgyi ios 7 ကို install လုပ်တယ် နောက်ပြီး ကီးဘုတ် ကိုပါထည့်တယ် install လုပ်ပြီးသွားပေမဲ့ မြန်မာစာကတော့ ပေါ်မလာပါဘူး .. Zawgyi iOS 7 Font Version 1.1.2  က i pad mini မှာပြဿနာ နဲနဲရှိတယ်ထင်ပါတယ်.. ကျန်တဲ့ဖုန်းတွေနဲ့ စမ်းကြည့်ပါတယ် အဆင်ပြေတာကိုတွေ့ပါတယ်.. i Pad Mini မှာပဲပြဿနာတက်နေတာပါ.. အောက်ကပုံတွေအတိုင်းပါ


 


အဲဒီလိုမျိုး အခက်အခဲများကြုံခဲ့ရင် သို့လော သို့လော တွေးစရာမလိုပဲ အဆင်ပြေမည့်နည်းလမ်းလေးကို ပြောချင်ပါတယ် Zawgyi iOS 7 Font  Version 1.0 ကိုသာပြန်ပြီးတော့ install လုပ်ပေးလိုက်ပါ .. Zawgyi iOS 7 Font V-1.0 ကို. https://cydia.myrepospace.com/komin27/  cydia မှာအက်ပြီးတော့ install လုပ်နိုင်ပါတယ် အဆင်ပြေကြပါစေဗျာ

 
အဆင်မပြေတာ ရှိခဲ့ရင် Comment ရေးပြီးထားခဲ့ပါဗျာ....။
 Credit : မိုးညိုသား

မင်္ဂလာပါ  ဒီတစ်ခါတော့ တဂျီဂျီတပွမ်ပွမ်နဲ့ တောင်းနေကြတဲ့
 Apple ID ကို ကိုယ်တိုင်လုပ်တတ်အောင် လုပ်နည်းလေးရေးပေးမှာဖြစ်ပါတယ်.. သိပြီးသားဖြစ်သော ကိုကို မမများ ဤပို့စ်ကို ကျော်သွားလိုက်ပါခင်ဗျာ မသိသေးသော သူများအတွက် ရေးပေးခြင်းဖြစ်ပါတယ်။ ကဲစလိုက်ကြရရောင် ပထမဆုံးရေးပေးမှာကတော့ ဖုန်းနဲ့ဖွင့်နည်းဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မိမိဖုန်းထဲကနေ App Store ကိုဖွင့်ပါ ပြီးရင် မိမိနှစ်သက်ရာ Free app တစ်ခုကိုဒေါင်းလိုက်ပါ...
ပြီးသွားရင်တော့ apple ID တောင်းပါလိမ့်မယ် အဲဒီနေရာမှာ Create New Apple ID ကိုနှိပ်ပြီးတော့သွားလိုက်ပါ





ပြီးသွားရင်တော့ Store ကိုမလေးရှားလို့ရွေးပေးလိုက်ပါ..  Next ကိုနှိပ် Agree ကိုနှိပ်ပြီးတော့ ဆက်သွားလိုက်ပါ



နောက်စာမျက်နှာ ရောက်ပြီဆိုပြီဆိုရင်တော့ မိမိ Email နဲ့ မိမိအသုံးပြုမည့် password ထည့်ပါ။ Password ထည့်တဲ့နေရာမှာ အနည်းဆုံး 8 လုံးထည့်ရမှာဖြစ်ပြီး စာလုံးကြီးတစ်လုံးနှင့် ဂဏန်းများပါဝင်ရမှာဖြစ်ပါတယ် အလွယ်ဆုံးနည်းကတော့ ပထမဆုံးစာလုံးကို အကြီးနဲ့ရေးပြီး ကျန်တာကို ပုံမှန်ရေးသွားလိုက်ပါ အဆင်ပြေမှာပါ ဥပမာ= Moenyothar12345 အဲလိုမျိုးပေါ့။ ပြီးသွားရင် Question နဲ့ Answer မှာ မိမိမှတ်မိလွယ်မည့် မေးခွန်းနဲ့ အဖြေကိုထည့်ပါ အရေးကြီးပါတယ်။ တစ်ချိန်ချိန်မှာ မိမိ Password မေ့သွားခဲ့ရင် ပြန်ထည့်ပေးရမှာဖြစ်ပါတယ်။ နောက်ထပ် မွေးနေ့ ရက် လ တွေကိုထည့်ပါ ပြီးရင် Next ကိုနှိပ်ပြီးတော့ ဆက်သွားပါ။





ကဲအခုဆိုရင်တော့ Billing Information  ထည့်ရမည့်နေရာကိုရောက်ပါပြီ ဒီနေရာမှာ Visa , MasterCard , Amex , None ဆိုပြီးတော့ ရှိပါတယ်။ ဒီနေရာမှာ ပြောစရာရှိပါတယ် အပေါ်မှာကျွန်တော်ပြောခဲ့သလို Free app ကို နှိပ်မလာမိရင်တော့ None ဆိုတာ ပေါ်မှာမဟုတ်ပါဘူး။ None ကိုအမှန်ခြစ်ခြစ်ပေးလိုက်ပါ။ ပြီးရင် ကျန်တာတွေဆက်ထည့်ရအောင် Title မှာ Mr/Ms ရွေးပါ။ First Name ထည့် Last Name ထည့်ပါ။ Address နေရာနှစ်ခုစလုံးမှာ Balakong လို့ရေးထည့်ပါ. Postcode နေရာမှာ 43300 လို့ထည့်ပါ။
Town နေရာမှာ Seri Kembangan လို့ရေးထည့်ပါ... County မှာ Kuala Lumpur ကိုရွေးပေးလိုက်ပါ. ပြီးသွားရင်တော့ ဖုန်းနံပတ်ကို မိမိကြိုက်တာထည့်ပါ. ပြီးသွားရင်တော့ Next ကိုနှိပ်ပါ ပြီးသွားရင်တော့ Verify Your Account ဆိုပြီးတော့ မိမိ အီးမေးလ်မှာ Verify လုပ်ဖို့ပြောပါလိမ့်မယ် ဒါဆိုရင် Account လုပ်ခြင်းပြီးဆုံးပါပြီ.







ပြီးသွားရင်တော့ စောစောကထည့်ခဲ့တဲ့ Email ကိုဖွင့်ပြီးတော့ Apple ကပို့ထားတဲ့ mail ကိုဖွင့်ပါ.ပြီးတော့ Verify Now ဆိုတာကို နှိပ်ပြီးတော့ ထည့်ခဲ့တဲ့ ID နဲ့ Password ကိုထည့်ပေးလိုက်ပါ.. ပြီးပြီဆိုရင်တော့ Apple ID ကိုစတင်ပြီးတော့ သုံးလို့ရပါပြီ။ အဆင်ပြေကြပါစေဗျာ။ ဒါကတော့ ဖုန်းနဲ့ဖွင့်တဲ့နည်းလမ်းဖြစ်ပါတယ်။


ကွန်ပျူတာနဲ့ ဖွင့်မည့်သူတွေကတော့ ကွန်ပျုတာမှာ iTunes ရှိရမှာဖြစ်ပါတယ် မရှိသေးရင် ဒီနေရာကို နှိပ်ပြီးတော့ သွားယူလိုက်ပါ။ ကွန်ပျူတာမှာ iTunes  ရှိပြီဆိုရင် iTunes ကိုဖွင့်ပါ။ iTunes ရဲ့ အပေါ်ဘက် ညာဘက်ထောင့်မှာ ရှိတဲ့ iTunes Store ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ..




iTunes Store ကိုရောက်ပြီဆိုရင် App Store ဆိုတာကို ထပ်နှိပ်ပါ။ App Store ထဲရောက်သွားပါလိမ့်မယ်။



 ရောက်ပြီဆိုရင် အထဲမှာ ရှိတဲ့ Free App တစ်ခုကို  နှိပ်လိုက်ပါ



App နဲ့ပတ်သက်တာတွေ ကြလာပါလိမ့်မယ် Icon အောက်က Free လို့ရေးထားတာကို နှိပ်လိုက်ပါ apple ID နဲ့ Password ထည့်ရန် ကျလာပါလိမ့်မယ်။



Box ကျလာပါက Create Apple ID ကိုဆက်နှိပ်ပါ..



ပြီးရင် အောက်မှာပြထားတဲ့  ပုံပါအတိုင်း Continue ဆိုတာကိုနှိပ်ပါ.. နောက်ထက်စာမျက်နှာသို့ရောက်ပါလိမ့်မည်




ဒီစာမျက်နှာမှာတော့ I have read and agree to these terms and conditions ဆိုတာကို အမှန်ခြစ်ပေးပြီးတော့ Agree ကိုဆက်နှိပ်ပါ ..





Apple ID ဖွင့်တဲ့နေရာကို ရောက်ပါပြီခင်ဗျာ .. ကျန်တာတွေကတော့ ဆက်ပြီးတော့ လုပ်တတ်လိမ့်မယ်လို့ မျော်လင့်ပါတယ်.. အပေါ်မှာရေးခဲ့တဲ့ ဖုန်းနဲ့ဖွင့်နည်းမှာ ဒီအဆင့်ကနေစပြီးတော့ အကုန်အတူတူပါပဲ



အဆင်မပြေတာများရှိခဲ့ရင် Comment ပေးခဲ့ကြပါ. အဆင်ပြေကြပါစေဗျာ..

"Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာများကို 
ကိုမိုးသကြားဆိုဒ်မှာတွေ့လို့ ရှဲလိုက်ပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်...
ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်...
iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...
  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်...

Reset All Settings

သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။

သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်)


Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။

ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။


Erase All Content and Settings

ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။

ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်)

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။


ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။

အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။


Reset Network Settings

ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings


ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။


Reset Keyboard Dictionary

စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။

နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm


ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။


Reset Home Screen Layout

ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm


ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။


Reset Location & Privacy

ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings


ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်...

အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ... 

Credit To : ကိုမိုးသကြား
iOS 7+ နှင့် လိုက်ဖက်ညီစေမယ့် "Cydia" version 1.1.9 ကို 
အခုဆိုရင် Update လုပ်နိုင်ကြပါပြီ...
iOS 7 Themes နဲ့အတူ အမြင်သစ်နှင့် Cydia ကို မြင်တွေ့ကြရပါလိမ့်မယ်၊ Cydia ကို Upgrade လုပ်ရန်အတွက် Cydia icon ကို နှိပ်ပါ၊ pop up message ပေါ်လာပါက "Upgrade Essential" (သို့) "Upgrade Complete" တစ်ခုခုကို ရွေးပေးလိုက်ပါက အလိုလျှောက် Update လုပ်သွားပါလိမ့်မည်.
 
 
.


Cydia အသစ်နှင့်အတူ ၂၀၁၄ ခုနှစ်အတွက် iOS 7+ အတွက် အကောင်းဆုံး Sources အသစ်များကို ဖော်ပြပေးလိုက်ပါတယ်..

၁) Sources များကို သွင်းယူရန် "Cydia" ကို ဖွင့်ပါ။
၂) Manage -> Sources -> Edit -> Add (http:// နှင့် စသောကို သွင်းယူပါ)

**2014 Top Cydia Sources**

  • Mobilefarm: http://cydia.myrepospace.com/mobilefarm/ **မြန်မာစာသွင်းရန်**
  • Repo Cydia: http://RepoCydia.com
  • BiteYourApple: http://repo.biteyourapple.net
  • HackStor repo: http://cydia.myrepospace.com/Hackstore/
  • HackYouriPhone: http://repo.hackyouriphone.org
  • iHacks: http://ihacksrepo.com
  • insanelyi: http://repo.insanelyi.com
  • idwaneo: http://idwaneo.org/repo
  • ihackstore: http://ihackstore.com/repo
  • theiphonespotrepo: http://apt.theiphonespotrepo.net
  • myrepospace (iAP Cracker): http://cydia.myrepospace.com/urus
  • Xsellize: http://cydia.xsellize.com
  • THIS LINK IS FORBIDDEN: http://THIS LINK IS FORBIDDEN.com
  • EasyWakeup.net: http://easywakeup.net/repo/
  • iFone1 Norway: http://c.ifon1.no/
  • Ste: (ScuummVM): http://urbanfanatics.com/cydia/
  • Intelliborn (IntelliScreen) : http://intelliborn.com/cydia
  • Games Team source: http://apt.123Locker.com
  • SOSiPhone: http://cy.sosiphone.com/
  • Pushfix: http://cydia.pushfix.info/

**မြန်မာစာဖောင့်သွင်းယူရန်**

Source: "http://cydia.myrepospace.com/mobilefarm/" ကိုသွင်းယူပါ။
ထိုနောက် ပုံတွင် ပြထားသော "Zawgyi Font iOS" ကို Install လုပ်ပါ။


iOS 7+ နှင့် ကောင်းမွန်စွာ အလုပ်လုပ်ပေးနိုင်မယ့် AppSync 7+
Source: " http://cydia.appaddict.org " and Appsync for iOS 7.0 + install.

**Working Tweaks with iOS 7+**
  • Accelerate
  • AirPlayServer
  • BadgeClearer
  • DateCarrier
  • Deck
  • F.lux
  • FireWall iP
  • FolderCloser
  • GridLock
  • Icon Renamer
  • MiniPlayer
  • MyWi
  • NoNewsIsGoodNews
  • NoStoreButton
  • OverAchiever
  • PandoraSkips
  • Plugication
  • Poof
  • PrivaCy
  • Repsring
  • ShakeToUndo Killer
  • Signal 2
  • Signal Booster
  • SIGnify
  • Software Update Killer
  • StatusHUD
  • SwipeSelection
  • TimeForAlarm
  • WelcomeMew
  • Five Icon Dock iOS 7
  • Flipswitch
  • HiddenSettings7
  • iCleaner Pro
  • iPhone4Parallax
  • KillBackground7
  • Mobile Terminal
  • Movie Box
  • Music Box
  • MyFile
  • Open
  • Preference Loader (Must Reinstall after every tweak/cydia app install or reboot)
  • Poof
  • Sicarius
  • Speed Intensifier
  • SwipeToRespring
  • HarlemShake7
  • AirDrop Enabler 7.0+
Credit To : ကိုမိုးသကြား

  http://i7.minus.com/ibsuEoGBUCXt9g.jpgJailbreak Tools နှင့် iOS နှင့်ပက်သက်သော Tools အားလုံးကိုစုစည်းထားပါတယ်။လိုချင်သူများအတွက် Tools တွေကို Version စုံစုံလင်လင်တင်ပေးလိုက်ပါတယ်။ဒေါင်းလုပ်လင့်အဆင်မပြေတာ ၊သေနေပါက ကျွန်တော်ရဲ့အီးမေးလ် harrisnyi.41@gmail.com သို့ ဆော့လ်ဝဲနာမည်ဖြင့် ပေးပို့နိုင်ပါတယ်၊  သို့လာလည်ဖို့ဖိတ်ခေါ်ပါတယ်၊
 

http://cdn.iphonehacks.com/wp-content/uploads/2013/02/evasi0n-icon.png

Evasi0n 7 v.1.0.1 - iOS 7 - 7.0.4 Untethered Jailbreak

Evasi0n - iOS 6.0-6.1.2 Untethered Jailbreak




RedSn0w




Absinthe


CLI tool (for Rocky Racoon 5.1.1 Untether)


PwnageTool (Mac only)


Sn0wBreeze
 


Seas0nPass (for Apple TV 2G)
Ac1dSn0w
LimeRa1n
GreenPois0n
Spirit
QuickPwn
BlackRa1n
PurpleRa1n
WinPwn
Other Tools